Sunday, July 29, 2018
အင်္ဂလ်ပ်စာ လေ့လာနည်း
နာထောင်မှူ စွမ်းရည် Listening Skill ကောင်းမွန်အောင် လေ့ကျင့်သင့်သည့် အဓိကအချက်များ။
၁။စတင်လေ့ကျင့်သောအခါ စာသားကိုမကြည့်ဘဲ အကြောင်းအရာတစ်ခုလုံး အစအဆုံး တစ်ကြိမ် ဂရုစိုက်နားထောင်ပါ။
၂။နားထောင်စဉ်မှာ ဘာသာပြန်ရန်မကြိုးစားပဲ နားလည်ရန်သာကြိုးစားပါ။ ဤနည်းအတိုင်း ၃ ကြိမ်ဆက်နားထောင်ပါ။
၃။အကြမ်းအားဖြင့်နားလည်သောအခါ စကာစုတစ်ခုတိုင်းတွင် ခဏ ရပ်ပြီး လိုက်ဆိုကြည့်ပါ။ လိုက်ဆိုသည့် စကားလုံး (သို့မဟုတ်)စကာစုကို ဘာသာပြန်ရန်မကြိုးစာပါသေးနဲ့အုံး။
နားကကြားသည့် အတိုင်းသာ အတတ်နိုင်ဆုံး ပီသအောင်ကြိုးစားပါ။
၎။စကားလုံးတစ်လုံး၊စကာစုတစ်ခု စီကို အတိုင်းအတာ တစ်ခုအထိ နားလည်လျှင် ဝါကျတစ်ကြောင်းစီကို အထက်ပါနည်းအတိုင်း လိုက်ဆိုလေ့ကျင့်ပြီး ဝါကျတစ်ကြောင်းစီကို မှတ်မိသမျှချရေးကြည့်ပါ။ ၃-၅ ကြိမ်ခန့် လေ့ကျင့်လျှင် လေ့ကျင့်သော အကြောင်းအရာ၏ စာကြမ်းတစ်ခု ရလာမည်။
၅။အကြောင်းအရာတစ်ခုလုံးကို ရရှိလာသော စာကြမ်းဖြင့် အစအဆုံးထပ်နားထောင် ပြီးလိုအပ်သည်များကို ထပ်မံဖြည့်စွက်ပါ။
၆။မူရင် စာသားဖြင့်ရရှိသော စာကြမ်းကို တိုက်စစ်ဆေးကြည့်ပါ။နားလည်မှူ(Understanding ) အတိုင်းအတာကိုတွေ့ရပါလိမ့်မယ်။ အချိုသော စကားလုံးများသည် နားကကြားသည်နှင့် အမှန်တကယ် ပါရှိသည်မှာ ကွဲလွဲနိုင်ပါတယ်။
အချိုသော စကားလုံးများမှာ မူရင်း စာသားကို ဖတ်ကြည့် သောအခါ သိသော်လည်း အထက်တွင် ဖော်ပြခဲ့သော အသံ၏ သဘော တရာတွင်း အားနည်းချက် များ ရှိသောကြောင့် နားထောင်စဉ် နားလည်ရန် အခက်အခဲရှိသည်ကို တွေ့ရမည်။စကားလုံး အသစ် များကို အဘိဓာန် တွင် ရှာဖွေကြည့်ရှူပါ။
၇။ဆက်လတ်ပြီး မူရင်း စာသားဖြင့် တစ်ကြိမ်ထပ်မံနားထောင်ပါ။နားထောင်စဉ် အသံထွက်ကို အနီးစပ်ဆုံးတူညီရန် ကြိုးစားလိုက်ဆိုပြီး (၃) ကြိမ်ထက်မနည်း လေ့ကျင့်ပါ။
၈။ နောက်ဆုံး အဆင့်အနေဖြင့် ပထမဆုံးလေ့ကျင့်စဉ်ကအတိုင်း စာသားကိုမကြည့်ပဲ အစအဆုံး နားထောင်ပါ။ စတင်စဉ်အချိန်ထက် ပိုမိုနားလည်လာသည်ကို တွေ့ရပါလိမ့်မယ်။လေ့ကျင့်စဉ် အထူးအရေးကြီးသည်မှာ လုံးဝါသာမပြန်ပါနဲ့၊ အသံ၏ သဘောတရာကို ဂရုတစိုက် နားလည်ရန်သာ ကြိုးစားပါ။
၉။အောင်မြင်စွာ လေ့ကျင့်ပြီးဆုံးသောအခါ ပစ်မထားဘဲ မှတ်မိနေစေရန် တစ်ပတ်ခန့်အကြာတွင်ဘပြန်လည်နားထောင်ပါ။ ရရှိလာသော နားလည်မှူ( Understanding) မှ စကားလုံး (Word) ၊ ဝေါဟာရ( Vocabulary) ၊ ဝါကျ (Stance) များကို ကိုယ်တိုင် တည်ဆောက်ပြီး ပတ်ဝန်းကျင့်တွင် အလျဉ်းသင့်သလိုအသုံပြုကြည့်ပါ။
အထက်ပါနည်းအတိုင်း တစ်နေ့ အကြောင်းအရာတစ်ခုနှူန်းဖြင့် နေ့စဉ် ဆက်လတ်လေ့ကျင့်ကြည့်ပါ။အောင်မြင်မှူတစ်ခုကို နေ့ချင်းညချင်း မရနိုင်သလို ကျွမ်းကျင်မှူ (Skill) ကိုလည်း တသ်ရက်တည်း တစ်နေ့တည်းမရနိုင်သောကြောင့်
အဖန်တလဲလဲ လေ့ကျင့်ရန်လိုအပ်ပါတယ်။
အားလုံးသော English Language ကိုလေ့လာနေကျသူများ အထက်ပါ နည်းလမ်းများဖြင့် လေ့ကျင့်ကြည့်ရန် တိုက်တွန်း လိုက်ပါတယ်ခင်ဗျာ။ English Language ကို အမှန်တကယ် စိတ်ဝင်စား လို့ လေ့လာချင်သူများ အနေဖြင့်ဒီ Learning English Language Online Page လေး ကို Follow(Or) see first ပြုလုပ်ပြီး လေ့လာနိုင်ပါတယ်။ နောက်ထပ် လည်း အလျှင်းသင့် သလို တင်ပြပေးသွားမှာပါခင်ဗျာ။
အင်္ဂလိပ်စာ ရုံး/အိမ်အရောက်လိုက်သင်ပေးသည်။
UDM English ☎️ ဖုန်း - 09 799 598 026
#ဦးဓမ္မ
UDM Phrasal Verb အင်္ဂလိပ်+မြန်မာ အဘိဓါန် လင့်
https://m.facebook.com/story.php?story_fbid=1395882230534605&id=802932913162876
Subscribe to:
Post Comments (Atom)
No comments:
Post a Comment