Sunday, July 29, 2018
အင်္ဂလိပ်စာ လေ့လာနည်း
အင်္ဂလိပ့် Speaking Skill တိုးတတ်စေရန်လေ့ကျင့်သင့်သည့် အချက် (၆) ချက်
- Television,Video,News,Tape,CD,DVD စသည်များကို အသုံးပြုကာ Native Speaker များ၏ အသံများကို တတ်နိုင်သမျှ နားထောင်ပါ။
၎င်းကို အတုယူပြီး ပြောဆိုခြင်းဖြင့် တိကျသော
Sound,Stress,intonation များရရှိနိုင်ပါတယ်။ အတုယူပြောဆိုရာတွင် Video Lesson များဖြစ်ပါက ၎င်းတို့၏ ပါးစပ်လှူပ်ရှားမှူကို သတိထားပြီး လေ့လာကြည့်ပါ။ အသံထွက်ရာတွင် အထောက်အကျူပြုနိုင်ပါတယ်။
- အင်္ဂလိပ့်စကားပြောလေ့ကျင့်ရာတွင် တေးသီးချင်းများကို လိုက်ဆိုခြင်းက စကားပြောရာတွင် ချောမွေ့စေနိုင်ပါတယ်။
- တစ်နေ့လျှင် ၁၅-၂၀ မိနစ်ခန့် စာပိုဒ်များကို အသံထွက်ဖတ်ပါ။စာဖတ်ရာတွင် အသံထွက်များကို ကြိုးစားပြီးမှန်မှန်ကန်ကန် ဖတ်ပါ။
(၃) လခန့် ဆက်တိုက် ဖတ်လျှင် ပါစပ်ကြွက်သားများ သန်မာလာပြီး စကားပြောရာတွင် အထေ့အငေါ့မရှိ များစွားအထောက်အကူပြုနိုင်သည်ကို သုတေသိများက အတိအကျဖော်ပြထားပြီးပါပြီ။
- အကြောင်းအရာတစ်ခုကို လေ့ကျင့်ရာတွင် မိမိ၏အသံကို အသံဖမ်းပြီး ပြန်လည်ဆန်းစစ်ပါ။ မူရင်းအသံများနှင့် ပြန်လည်စစ်ဆေးကာ အမှားများကို သတိထားပြီး မှန်သည်အထိ အကြိမ်ကြိမ်အထပ်ထပ်လေ့ကျင့်ပေးပါ။ ပထမဆုံး အသံထွက်မှန်ရန်သာကြိုးစားပါ။ အသံထွက်မှန်သောအခါ Stress,intonation များကို ဆက်လတ်လေ့ကျင့်ပါ။ လေ့ကျင့်ရာတွင် သတိပြုရမည်မှာ ကြားသည့်အတိုင်းလိုက်ဆိုပါ။
ဥပမာအားဖြင့် ယခုခေတ် ကလေးငယ်များသည် ရေပန်းစားနေသော Charlie Puth, Justin Bieber အစရှိ သည့်အဆိုတော်များ၏ အင်္ဂလိပ့်သီချင်းများကို ကြားဖန်များလာသောအခါ နားရည်ဝပြီး သီဆိုတတ်ကြသည်။ သီဆိုရာတွင် ပီပီသသမှန်မှန်ကန်ကန် သီဆိုနိုင်ကြသည်ကို တွေ့ရသည်။၎င်းကလေးငယ်များသည် ကြားသည်အတိုင်း လိုက်ဆိုသောကြောင့်ဖြစ်သည်။အရွယ်ရောက်ပြီးသူများကမူ နားကကြားသော်လည်း အသံကို မှန်ကန်ရန်မကြိုးစားဘဲ မိမိ အသံထွက်တတ်သလို ဆိုတတ်ကြသည်။ ထိုအချက်ကို သတိထားဆင်ခြင်ကြပါမယ်။
- အင်္ဂလိပ့်ဘာသာစကားသင်ကြားသော စာသင်ခန်းအပြင် ပတ်ဝန်းကျင်တွင်လည်း တတ်နိုင်သမျှ အင်္ဂလိပ့်လိုသာ ပြောဆိုပါ။မိမိလေ့ကျင့် မှတ်သားထားသော စကားလုံး၊ဝါကျများကို အတတ်နိုင်ဆုံး စကားပြောသည့်အချိန်တိုင်း အသုံးပြုပါ။
- ရိုးရိုးစကားပြောပုံစံများလေ့ကျင့်ပြီးသောအခါ၊ မိန့်ခွန်းများ၊သတင်းများအစရှိသည်ဖြင့် လိုအပ်သည်များကို အထက်ပါ နည်းများအတိုင်း ဆက်လတ်လေ့ကျင့်ပါ။
စကားပြောဆိုရသည့်အခြေအနေ ပြောင်းသည်နှင့်အမျှ ပြောရသည့်ပုံစံများ ပြောင်းလဲ သွားသည်ကို တွေ့ရပါလိမ့်မယ်။ ဆိုလိုသည်မှာ ဈေးဝယ်ရာတွင်ပြောသည့်စကားနှင့် ရုံဌာနများတွင် ပြောသည့် စကားပုံစံများတူမည်မဟုတ်ပါ။(စကားလုံးအသုံးအနှူန်း၊လေယူလေသိမ်း၊အထူးသဖြင့် ပြောဟန်ဆိုဟန်များ မတူညီသည်ကို ဆိုလိုပါတယ်။)
အထက်ပါ နည်းလမ်းများကို အခြေခံကာ နေ့စဉ်မှန်မှန်လေ့ကျင့်လျှင် အင်္ဂလိပ့်ဘာသာစကားကို အတိုင်းအတာတစ်ခုထိ မှန်မှန်ကန်ကန်ရှင်းရှင်းလင်းလင်း ချောချောမွေ့မွေ့ ပြောဆိုနိုင်ပါလိမ့်မယ်။
``The fastest way to learn anything is to do again until to get it right´´ဟူသောစကားအတိုင်း လိုချင်သည့်ပန်းတိုင်ကို ရောက်သည်အထိ စိတ်ရှည်ရှည်ဖြင့် အကြိမ်ကြိမ်လေ့ကျင့်ကာ လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းနိုင်ကြပါစေခင်ဗျာ။
အင်္ဂလိပ့်ဘာသာ စကားကို သင်တန်းမတတ်အားသဖြင့်Self Study လုပ်ချင်သူများ၊Idiom(အီဒီယံ)များ၊
များများစားစားသိလိုသူများ၊Phonetic အသံထွက်ကို အစစ်အမှန်ကိုလေ့လာချင်သူများ၊Listening Skill လေ့ကျင့်လိုသူများ အတွက်၊Speaking Pattern များ၊Grammar Pattern များ၊ English Language နှင့် ပတ်သတ်သော Application များ၊EBook ။များ
အစရှိသည်ဖြင့် Data ပေါင်း ၁၇၀၀ ကျော်။
Viedo ချည့် သက်သက် ၁၀၁၉ ပုဒ်တိတိ ထည့်သွင်းပေးထားသော DVD ၈ ချပ် + လက်ဆောင် ၁ ချပ်ကို ၈ထောင် ကျပ်ထဲဖြင့် ဝယ်ယူလေ့လာနိုင်ပါပြီ။
https://m.facebook.com/story.php?story_fbid=848553141983986&id=788676901304944
English Lessons Data မှာယူသူများ၏ Feedback များ။
https://m.facebook.com/story.php?story_fbid=896063157232984&id=788676901304944
အခြားသော Engilsh ဘာသာစကားနှင့် ပတ်သတ်သော Post များကိုလည်း ဒီ Learning English Language Online Page လေးမှာ တင်ပြပေးသွားမှာ ဖြစ်သည့်အတွက် Follow (or) see first လုပ်ထားကြပါဗျို့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment