Sunday, July 29, 2018

အင်္ဂလိပ်​စာ ​လေ့လာနည်း

ဝေါရဟာ ​တွေကို မှတ်​မိလွယ်​​အောင်​ဦး​နှောက်​ကြီးမှာမှတ်​သားနည်း။ ၁။ ထပ်​ခါထပ်​ခါ နား​ထောင်​ပါ။ တစ်​ချို့​သောသူ​တွေ စာကျက်​တဲ့အခါမှာ ထပ်​ခါထပ်​ခါ အဲ့​နေရာ​ကိုပဲ ဖတ်​ကြပါတယ်။အဲ့တာ ဘာလုပ်​တာလဲ ဆို​တော့ မှတ်​မိ​အောင်​လုပ်​ကြတာ​ပေါ့။ အမှန်​က​တော့ နားထဲ အဲ့အသံကိုထပ်​ခါထပ်​ခါကြား​အောင်​ ​ရေရွတ်​​နေတာပါ။ နားက​နေတစ်​ဆင့်​ ကိုယ့်​​ရေရွတ်​လိုက်​တဲ့အသံ​တွေကို ဦး​နှောက်​ကြီးသို့ သွားသိမ်းစည်းပါတယ်​။ ကျွန်​​တော်​တို့သိတဲ့အတိုင်းပဲ သီချင်း​လေးတစ်​ပုဒ်​နား​ထောင်​လို့​ကောင်းတယ်​။ လိုက်​ဆိုချင်​တယ်​ဆိုရင်​ ကျွန်​​တော်​တို့ အဲ့သီချင်းတစ်​ပုဒ်​ကို ထပ်​ခါထပ်​ခါ ဖတ်​​နေလား။ ဒါမှမဟုတ်​ ထပ်​ခါထပ်​ခါ နား​ထောင်​​နေလား။ ကျွန်​​တော်​ဆိုရင်​​တော့ ထပ်​ခါထပ်​ခါပဲိား​ထောင်​လိုက်​မှာပါ၊ သီချင်းဆို​တော့ ပိုလို့​တောင်​​ကောင်း​သေး သူသံစဉ်​​လေးနဲ့သူ ​လေးငါး​ခေါက်​​လောက်​နား​ထောင်​လိုက်​ရင်​ ရသွားပါလိမ့်​မယ်​။ ​ပြောချင်​တာက ​ဝေါဟာရ ကြွယ်​ဝချင်​ရင်​ အဲ့စကားလုံးတစ်​လုံးကို ထပ်​ခါထပ်​ခါ နား​ထောင်​လိုက်​ပါ။ ၂။ဝေါဟာရ​တွေ ကို လွယ်​လွယ်​နဲ့မှတ်​မိချင်​လား။ အဲ့တာဆို ပုံ​လေး​တွေနဲ့ တွဲမှတ်​လိုက်​ပါ။ ကျွန်​​တော်​တို့ငယ်​ငယ်​က သိတဲ့အတိုင်းမိဘ​တွေက သူတို့သားသမီး​လေး​တွေကို ပန်းသီးက ဘယ်​လို​လေးလဲ၊ အင်္ဂလိပ့်​လိုဆို ဘယ်​လို​လေး ဖတ်​ရသလဲ။ ဘယ်​စလုံး​တွေပါဝင်​တာလဲဆိုတာ သိ​အောင်​လို့ Poster ​လေး​တွေ အိမ်​မှာ ဝယ်​ပြီး သားသားမီးမီးတို့ အတွက်​ နံရံ​လေး​တွေမှာ ကပ်​​ပေးထားခဲ့ဖူးပါတယ်​။ အဲ့လိုပဲ ကျွန်​​တော်​တို့ ​ဝေါဟာရ​တွေ လွယ်​လွယ်​နဲ့ မှတ်​မိချင်​တယ်​ဆိုရင်​ ပုံ​လေး​တွေနဲ့ တွဲပီး မှတ်​ထားပါ။ အရမ်းလည်းရိုးရှင်းတယ်​။ မှတ်​မိလည်း ကွယ်​ကူပါတယ်​။ ၃။နောက်​တစ်​နည်းက​တော့ ​ဝေါဟာက တစ်​လုံးတည်းကို မမှတ်​ပဲ အခြား ​ဘေးနားက စကားလုံးနှစ်​လုံးသုံးလုံး ဒါမှမဟုတ်​ ဝါကျတစ်​​ကြောင်းလုံးမှတ်​ထားပါ။ အဲ့နည်းက နည်းနည်း ကသိက​သောက်​နိုင်​တယ်​ထင်​ရပင်​မဲ့ တကယ်​​တော့ အသုံးဝင်​ပါတယ်​။ ၄။ မိခင်​ဘာသာစကားကို စမှတ်​လိုက်​ပါ။ ဥပမာ- Clock -နာရီ အဲ့စကာလုံးကို Clock နားရီ ဆိုပြီး မမှတ်​ပဲ နာရီ ဆိုရင်​ Clock ၊ကွန်​ပျူတာဆိုရင်​ Computer အဲ့လို မြန်​မာဘာသာက​နေ စပြီး ဦး​နှောက်​ထဲ မှတ်​ကြည့်​လိုက်​ပါ။ ​ပြောင်းပြန်​သ​ဘောမျိုး​ပေါ့။ ဤနည်းကလည်း သင့်​အတွက်​အကျိုး​ရှိ​စေမှာပါ။ ​ အင်္ဂလိပ့်​ဘာသာစကားကို စနစ်​တကျ​လေ့လာခြင်း (၁) http://m.facebook.com/story.php?story_fbid=858415507664416&id=788676901304944 အင်္ဂလိပ့်​ဘာသာစကားကို စနစ်​တကျ​လေ့လာခြင်း (၂) https://m.facebook.com/story.php?story_fbid=858511280988172&id=788676901304944 အင်္ဂလိပ့်​ဘာသာ စကားကို သင်​တန်းမတတ်​အား၍ Self Study လုပ်​ချင်​သူများအတွက်​ပါ။ https://m.facebook.com/story.php?story_fbid=848553141983986&id=788676901304944 ဘာသာပြန်​ရာတွင်​ လွယ်​ကူ​စေ​သောအချက်​အလက်​များ( သို့ ) ဘာသာပြန်​နည်းလမ်းညွန်​ Credit https://m.facebook.com/story.php?story_fbid=877205125785454&id=788676901304944 အီဒီယံ(Idioms) ဆိုတာဘာလဲ နှင့်​ A နှင့်​စ​သော အီဒီယံ(Idioms) စုစည်းမှူ https://m.facebook.com/story.php?story_fbid=876246942547939&id=788676901304944 မိမိ (CV) ​​မိမိ CV (Curriculum Vitae)ကို လုပ်​ငန်းရှင်​ စိတ်​ဝင်​စား​အောင်​ ဘယ်​လိုေးရမလဲ ? https://m.facebook.com/story.php?story_fbid=871468823025751&id=788676901304944 နား​ထောင်​မှူစွမ်းရည်​ Listening Skill ​ကောင်းမွန်​​စေရန်​ ​လေ့ကျင့်​သင့်​သည်​ အချက်​ (၉) ချက်​ https://m.facebook.com/story.php?story_fbid=870889096417057&id=788676901304944 Reading Skill ​ကောင်းမွန်​​စေရန်​ ​လေ့လာသင့်​သည့်​ အဓိက အချက်​များ။ https://m.facebook.com/story.php?story_fbid=871087416397225&id=788676901304944 အင်္ဂလိပ့်​ Speaking တိုးတတ်​​စေ​သောအဓိက အချက်​ ၆ ချက်​ https://m.facebook.com/story.php?story_fbid=887334598105840&id=788676901304944 အခြား​သော Engilsh ဘာသာစကားနှင့်​ ပတ်​သတ်​​သော Post များကိုလည်း ဒီ Learning English Language Online Page ​လေးမှာ တင်​ပြ​ပေးသွားမှာ ဖြစ်​သည့်​အတွက်​ Follow (or) see first လုပ်​ထားကြ​ပါဗျို့။ Share ခြင်းဖြင့်​ မျှ​ဝေပါ။

No comments:

Post a Comment